လှိုင်းဘွဲ - ဇန်နဝါရီလ-၂၉
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြလေးကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်လူမှုရေး လုပ်ငန်းမျာတွင် စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကျေးရွာကော်မတီများစိစစ်ရွေးချယ်ခြင်းကို ယမန်နေ့က မြလေးကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်စိစစ်ရွေးချယ်ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ရှိသူများအနေဖြင့် ရွေးချယ်ခန့်အပ်ရာတွင် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လိုအပ်သည့်အချက်အလက်များ၊ သတ်မှတ်ချက်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများနှင့်ကျေးရွာ ကော်မတီ များကို စိစစ်ရွေးချယ် ပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)