မက်မန်း ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ပြန်ဆက်ရုံး မြေထိန်းနံရံ ဆောက်လုပ်မည့် မြေနေရာ ပန္နက်တင်မြေသန့်မင်္ဂလာ အခမ်းအနားကို ပြန်/ဆက်ရုံး မြေထိန်းနံရံ ဆောက်လုပ်မည့် မြေနေရာတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အစီအစဉ်အရ ဆရာတော်သံဃာတော်များက မြေထိန်းနံရံဆောက်လုပ်မည့် မြေနေရာ၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ခြင်း နံ့သာရည်များပက်ဖျန်းပေးပြီး၊ ပန္နက်တင်အခမ်းအနားကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ပြန်/ဆက် ဦးစီးအရာရှိ ဦးစိုးနိုင်တို့က မင်္ဂလာပန္နက်များကို သတ်မှတ်နေရာများတွင် စိုက်ထူပေးခဲ့ကြောင်းသိရသည်။
အဆိုပါ (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောက်လုပ်မည့် ပြန်/ဆက်ရုံး မြေထိန်းနံရံ ဆောက်လုပ်မှုကို ငွေမော်ဖဆောက်လုပ်ရေး ကုမ္ပဏီလီမီတက်မှ တာဝန်ယူ ဆောက်လုပ်မည်ဖြစ်သည်။
ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်စိုး၊ စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းနေစိုး၊ မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးဇော်မျိုးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီဆန်းဝင်း၊ မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်၊ မြို့နယ်တရာသူကြီးဦးမျိုးသူရ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဘုန်းမြင့်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်)