မယ်စဲ့မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့

မယ်စဲ့ ဇန်နဝါရီ ၂၉

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား ထပ်တိုးအိမ်ထောင်စုများ နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများ ကို ယမန်နေ့က မယ်စဲ့မြို့ပေါ် ရပ်ကွက်(၂)ရပ်ကွက်၊ မယ်စဲ့ကျေးရွာအုပ်စု၊ ဟိုစဲ့ကျေးရွာ များသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ခဲ့ ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များ စားဝတ်နေရေး အဆင်ပြေစေ ရေးအတွက် တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ မယ်စဲ့ကျေးရွာအုပ်စု၊ ဟိုစဲ့ကျေးရွာတို့ရှိ ထပ်တိုး အိမ်ထောင်စု(၃၀)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၆၀၀၀၀၀ကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)