မယ်စဲ့ ဇန်နဝါရီ ၂၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ ရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး တာဝန်ရှိသူများက ယမန်နေ့က ဝမ်ကန်ကျေးရွာ ဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက် ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်ရာတွင် သတ်မှတ် ချက်များနှင့်အညီ ရွေးချယ်နိုင်ရေး ကေျးရွာ ပြည်သူများနှင့် တွေ့ဆုံကာ မယ်စဲ့မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်များကို ဧပြီလ ၁ ရက်နေ့တွင် စတင်တာဝန်ထမ်းဆောင် နိုင်ရေးအတွက် သတ်မှတ်ကာလအတွင်း ဥပဒေ၊ နည်းဥပဒေနှင့်အညီ ရွေးချယ်သွားမည်ဖြစ်ကြောင်းနှင့် အဖွဲ့ဝင် (၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့များကို စနစ်တကျ ရွေးချယ်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)