ပန်းတနော် ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်းကို ဇန်နဝါရီ ၂၇ ရက်နေ့မှ စတင်၍ ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပန်းတနော်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးမင်းသန်း ဦးဆောင်၍ကျန်းမာရေး ဝန်ထမ်းများက ဇန်နဝါရီ ၂၇ ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဝန်ထမ်း(၄၃)ဦးနှင့် ဇန်နဝါရီ ၂၈ ရက်နေ့တွင် မြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်း( ၅၀) ဦးတို့အား စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများကိုလည်း ကာကွယ်ဆေး ထိုးနှံပြီး လေးပတ်အကြာတွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပန်းတနော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးမင်းသန်း ထံမှ သိရှိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)