တောင်ကြီးမြို့၌ မြကန်သာပန်းခြံ အဆင့်မြင့်တင်ခြင်းလုပ်ငန်း ဦးစွာစိတ်ဝင်စားမှု အဆိုပြုလွှာ (EOI) စိစစ်ရွေးချယ်ခြင်းကျင်းပ

တောင်ကြီး ဇန်နဝါရီ  ၃၀

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဦးဆောင်ကျင်းပသော တောင်ကြီးမြို့၊ မြကန်သာပန်းခြံ အဆင့်မြင့်တင်ခြင်း လုပ်ငန်း ဦးစွာစိတ်ဝင်စားမှု အဆိုပြုလွှာ(EOI) စိစစ်ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးစိုင်းစွံဆိုင်း က အဖွင့်အမှာ စကားပြောကြားသည်။ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးနေလင်းက ဦးစွာစိတ်ဝင်စားမှု အဆိုလွှာ(EOI) စိစစ်ရွေးချယ်နိုင်ရေး နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့သည်။

ဦးစွာစိတ်ဝင်စားမှု အဆိုလွှာ(EOI) တင်ပြထားသည့် ကုမ္ပဏီ(၄)ဦးမှ မြကန်သာပန်းခြံ အဆင့်မြှင့်တင် ဆောင်ရွက်မည့် အစီအစဉ်များအား ကုမ္ပဏီ(၄)ဦးမှ အလှည့်ကျ ရှင်းလင်းတင်ပြခဲ့ပြီး စိစစ်ရွေးချယ်ရေး အဖွဲ့(၅)ဖွဲ့မှ အမှတ်ပေးစိစစ်ရွေးချယ်၍ ရလဒ်များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြဆွေးနွေး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြကန်သာပန်းခြံ အဆင့်မြင့်တင်ခြင်း လုပ်ငန်း ဦးစွာစိတ်ဝင်စားမှု အဆိုပြုလွှာ(EOI) စိစစ်ရွေးချယ်ခြင်းသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးဦးစိုင်းစွံဆိုင်း၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးစိုးညွှန့်လွင်၊ ပြည်နယ်စည်ပင် သာယာရေးဌာနမှ ညွှန်ကြားရေးမှူး၊ အမှုဆောင်အရာရှိ နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်စိစစ်ရွေးချယ်အဖွဲ့၊ မြို့မိမြို့ဖများ၊ စိတ်ဝင်စားသူများ တက်ရောက် ဆွေးနွေး ပေးခဲ့ကြကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)