ရွှေတောင် ဇန်နဝါရီ ၃၀
ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအတွင်း အုပ်ချုပ်ရေးမှူးများအသစ် ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူး(၅)ဦး ရွေးချယ်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် မြို့နယ်ထွေအုပ်၊ ဥပဒေ၊ ကျန်းမာရေးနှင့် ပြန်/ဆက်ဌာနတို့မှ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက် သာသနာ့ဗိမာန်တွင် ရပ်ကွက်ပြည်သူများ၏ ဆန္ဒဖြင့် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရွေးချယ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို မြို့နယ်ထွေအုပ်ရုံး ဒုတိယဦးစီးမှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ရှင်းလင်းဆွေးနွေးသည်။ထို့နောက် ရပ်ကွက်ပြည်သူများ၏ သဘောဆန္ဒဖြင့် ကြီးကြပ်ရေးမှူး(၅)ဦးကို အတည်ပြု ရွေးချယ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)