ဘုတလင်နှင့်ကနီမြို့နယ်အတွင်း စိမ်းပြာရေညှိထွက်ရှိသည့်နေရာများ၌ ပတ်ဝန်းကျင် ပြောင်းလဲမှု အခြေအနေများကို တစ်နှစ်ကြာ သုတေသနပြုစုသွားမည်

မုံရွာ  ဇန်နဝါရီ  ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်တွင်းတောင်နှင့် ကနီမြို့နယ်တို့တွင် စိမ်းပြာရေညှိ ထွက်ရှိသည့် တွင်းမနှင့်တောင်ပျောက် တွင်းများတွင် ပတ်ဝန်းကျင်ပြောင်းလဲမ ှုဆိုင်ရာအခြေ အနေများကို တစ်နှစ်ကြာ သုတေသနပြုကာ စာတမ်းတစ်စောင်ပြုစု သွားမည်ဖြစ်ကြောင်း သိရသည်။

တွင်းတောင်၊ တွင်းမနှင့်တောင်ပျောက်တွင်းများတွင် ပတ်ဝန်းကျင်ပြောင်းလဲလာမှုနဲ့ ပတ်သက်ပြီး စိမ်းပြာရေညှိထွက်ရှိမှုကို ထိခိုက်လာသည့် အခြေအနေများနှင့်ပတ်သက်ပြီး သုတေသန စစ်တမ်းကို ကနဦးလုပ်ငန်းများအဖြစ် ယနေ့နံနက်ပိုင်းတွင် ကနီမြို့နယ်အတွင်းရှိ တွင်းမကျေးရွာနှင့် တောင်ပျောက်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မှဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ သုတေသန လုပ်ဆောင်မည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးခဲ့ကြောင်း သိရသည်။

““ တွင်းတောင်၊ တောင်ပျောက်နဲ့တွင်းမဆိုတဲ့နေရာ(၃)ခုမှာ စိမ်းပြာရေညှိ အထွက်နှုန်းလျော့ပါး လာတဲ့အနေအထားတွေရှိနေပါတယ်၊ ဒါတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အဆင့်လေ့လာဖို့ ကော်မတီတစ်ခု ဖွဲ့စည်းထားရာမှာ ကျွန်တော်တို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်တဲ့အဖွဲ့က ပြီးခဲ့တဲ့နှစ်ကကွင်းဆင်း ခဲ့ပြီးဖြစ်ပါတယ်၊ ဒီကနေ့ပဲတွင်းမကိုသွားပြီးတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ဒေသခံကအုပ်ချုပ်ရေးမှူး တွေနဲ့တွေ့ဆုံဆွေနွေးဖို့ရည်ရွယ်ထားပါတယ် သုတေသနလုပ်ငန်းကို တစ်နှစ်အချိန်ယူပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်”” ဟု စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးအောင်ကျော်မိုးက ပြောသည်။

တွင်းတောင်၊ တွင်းမနှင့်တောင်ပျောက်တွင်းများတွင် တစ်နှစ်ကြာသုတေသနပြုတွေ့ရှိချက်များ ကို သက်ဆိုင်ရာစာတမ်း ဖတ်ပွဲများတွင်တင်ပြခြင်း သက်ဆိုင်ရာဌာနများနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ အဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့များသို့  တင်ပြသွားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)