ချောက် ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ယမန်နေ့ညနေက မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး မပြန့်ပွားစေရေး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ယခုလက်ရှိအခြေအနေတွင် အနံပျောက်သူ၊ ကိုဗစ်-19ရောဂါပိုးတွေ့သူများလာ၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌနှင့် ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊မြို့မိမြို့ဖနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များတို့က ကြိုတင်ကာကွယ် နိုင်ရန် ချောက်မြို့နယ်အနေဖြင့် စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ပြည်သူ့စျေးတို့တွင် လူစုလူဝေးမဖြစ်စေရေးအတွက် အဓိကထားဆောင်ရွက်မည့်အကြောင်းအရာများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက် ကိုလိုက်နာ ဆောင်ရွက်ရမည့် အပြင်ထွက်တိုင်း နှာခေါင်းစည်း(mask)တပ်ဆင်ရန်၊ လက်ဆေး ရန်၊တစ်ဦးနှင်တစ်ဦး ၆ပေ ခြားနေရန်၊အရေးကြီးကိစ္စမရှိပါကမိမိအိမ်တွင်နေထိုင်ခြင်းကအကောင်းဆုံးဖြစ်ကြောင်း တို့ရှင်းပြောကြားခဲ့ပြီး စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များ၏ စားပွဲခုံတို့တစ်ခုံနှင့် တစ်ခုံ၆ပေခြား ဖွင့်ရန်ရှင်းလင်းပြောကြားခြင်း၊ ပြည်သူ့စျေးကိုလည်း၂ရက်ဖွင့် ၂ရက်ပိတ်စနစ်ဖြင့် ဇန်နဝါရီ ၃၀ရက်နေ့ကဆောင်ရွက်လျက်ရှိကြောင်း၊ မြို့အဝင်အထွက်ဂိတ်စစ် ဆေးရေးဂိတ်များကိုလည်း ကြပ်မတ်သွားမည်ဖြစ်ကြောင်းပြောကြားသည်။
ထိုနောက် တက်ရောက်လာကြသူများမှအကြံပြုဆွေးနွေးမှုများကို ချောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဆွေဝင်းနှင့်ကော်မတီ အဖွဲ့ဝင်တို့ကပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။
ကျော်မိုး(ပြန်/ဆက်)