မဲသမူးကျေးရွာ အုပ်စုတွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ် အရောက်ပေးအပ်

ရှမ်းရွာသစ်  ဇန်နဝါရီ  ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအား  လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် တစ်ဦးလျှင်(၁၀၀၀၀) ကျပ်နှုန်းဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) ပထမသုံးလပတ် အတွက် ငွေကျပ် (၃၀၀၀၀)ကျပ်စီကို ယနေ့နံနက်ပိုင်းမှစ၍ မဲသမူးကျေးရွာ အုပ်စုရှိ သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က  မဲသမူးကျေးရွာအုပ်စုရှိ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွား (၁၉)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀/)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၅၇၀၀၀၀/-)ကျပ်ကို လက်ဝယ်အရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)