မုဒုံ ဇန်နဝါရီ ၃၀
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူး ကောင်းများ ရွေးချယ်နိုင်ရန်အတွက် ရပ်ကွက်/ကျေး ရွာအုပ်စု ရပ်မိ/ရပ်ဖများရွေးချယ်ခြင်းကို ယနေ့နံနက်(၉)နာရီက မြို့မ(၃)ရပ်ကွက် ပိန္နဲ တိုက်ရပ်ကွက်ရှိ မွန်ပရိယတ္တိစာသင်တိုက်ကျောင်း ဓမ္မရုံ၌ ပြုလုပ်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်ဇော်ဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ဒေသန္တရအဆင့် ဒီမိုကရေစီစံနှုန်းများမြှင့်တင်ရန်နှင့်ပြည်သူလူ ထုများပူးပေါင်းပါဝင်မှု စနစ်ကောင်းဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ကြီးကြပ်ရေးမှူးများ
ရွေးချယ်ခြင်း၊ မိမိတို့၏ ရပ်ကွက်/ကျေးရွာအုပ်စုအတွက် ရွေးချယ်သင့်သည့် ပုဂ္ဂိုလ်များ မှန်ကန်စွာ ရွေးချယ်ကြစေ လိုကြောင်း၊ ကြီးကြပ်ရေးမှူး(၅)ဦးတို့၏ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။
အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးမှူး(၅)ဦးရွေးချယ်ခြင်းကို မြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က အဖွဲ့(၉)ဖွဲ့ခွဲ၍ ရပ်ကွက်/ကျေးရွာ အုပ်စု(၄၂)အုပ်စုသို့ ကွင်းဆင်း၍(၅)ရက်ကြာပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)