ပင်လောင်း ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ အသက်နှစ်နှစ်မှ ငါးနှစ်အောက် ကလေးသူငယ်များအား သန်ချဆေးနှင့် အသက်ခြောက်လမှ ငါးနှစ်အောက် ကလေးသူငယ်များကို ဗီတာမင်အေဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အသက်နှစ်နှစ်မှ ငါးနှစ်အောက် ကလေးငယ်များအား သန်ချဆေး၊ အသက်ခြောက်လမှ တစ်နှစ်အောက် ကလေးသူငယ်များအား ယူနစ်တစ်သိန်း ဗီတာမင်အေဆေး၊ အသက်နှစ်နှစ်မှ ငါးနှစ်အောက် ကလေးသူငယ်များကို ယူနစ်နှစ်သိန်း ဗီတာမင်အေဆေးများ တိုက်ကျွေးပေးပြီး အဆိုပါ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများရှိ စုစုရပ်အသီးသီးတွင် တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်