ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် စစ်ဗျူဟာအခြေချ(ဟားခါး)မှ ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေကျပ်(၅)သောင်းနှုန်းနှင့် အခြေခံစားသောက်ကုန်များထောက်ပံ့
Mar 17,2021
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် စစ်ဗျူဟာအခြေချ(ဟားခါး)မှ ဟားခါးပြည်သူ့ ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေကျပ်(၅)သောင်းနှုန်းနှင့် အခြေခံစား သောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဟားခါးမြို့ ၊ ပြည်သူ့ဆေးရုံကြီး၌ကျင်းပခဲ့သည်။
ရှေးဦးစွာ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်နှင့် အနောက် မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်တို့က ပြည်ည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ဝန်ဆောင်မှုလုပ်ငန်းများသည် မွန်မြတ်သည့်လုပ်ငန်းများဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ မူဝါဒ၊ရည်ရွယ်ချက်၊လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည့်အပြင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မိမိဒေသ၊ မိမိပြည်နယ်၊မိမိတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်နေသည်ဟု ခံယူပြီး စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံတော်မှပေးအပ်သည့် တာဝန်များကို မှန်မှန်ကန်ကန်နှင့် ကျေပွန်စွာထမ်းဆောင်ပေးသည့် ဝန်ထမ်းများအပေါ် ကျေးဇူးတင်ရှိကြောင်း အဖွင့်မှာစကား ပြောကြားကြသည်။
ထို့နောက် ချင်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးကျော်ငြိမ်း၊ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူတို့မှ ကျန်းမာရေး ဝန်ထမ်းများအား ထောက်ပံ့ငွေများနှင့် အခြေခံစားသောက်ကုန်များထောက်ပံ့ ပေးအပ်ရာ သက်ဆိုင်ရာ ဝန်ထမ်းများက လက်ခံရယူခဲ့ကြသည်။