ရှမ်းပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ် စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှမ်းပြည်နယ် စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်‌ရေး ကောင်စီ တာဝန်ယူရသည့်ကာလတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များ၌ စီမံအုပ်ချုပ်‌ရေး ကောင်စီတာဝန်နှင့်အညီ လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်သည့်အခါ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များကို သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက် တာဝန်ယူ ပေးအပ်ထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ ယခင်ပုံစံအတိုင်း အရှိန်အဟုန်မပျက် လုပ်ငန်းဆောင်ရွက်နိုင်ရန် လုပ်ငန်းများကို ကဏ္ဍအလိုက် ခွဲခြားရပါကြောင်း၊ နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းများကို ရေတိုလုပ်ကိုင်၍ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စံချိန်စံညွှန်းနှင့်အညီ ယခင်လို နှစ်ရှည်လရှည် မဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်သောကြောင့် အဖွဲ့ဝင်(၂) တာဝန်ယူထားသည့် ဦးခွန်သိန်းမောင် အနေဖြင့်လည်း လုပ်ငန်းများကိုဆောင်ရွက်ရာတွင် လျင်မြန်မှု ရရှိနိုင်မည်ဖြစ်၍ သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းပါဝင်ပေးကြရန်၊ နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ မိမိတို့ကိုပေးအပ်ထားသော တာဝန်များမှာ အချိန်ကာလတိုတောင်းသောကြောင့် လုပ်ငန်းများကို အမြန်ဆုံးဖြတ်ရန်လိုကြောင်း၊ နိုင်ငံတော်က ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာဖြင့် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အားလုံးပွင့်လင်းမြင်သာစွာဖြင့် ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာအနေဖြင့် လုပ်ငန်းများကို အကျဉ်းချုပ်တင်ပြရန်နှင့် ယခုလိုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးခွန်သိန်းမောင်မှ မိမိတာဝန်ယူရသည့် ဌာနအောက်ရှိ ဦးစီးဌာနများသည် ငွေရေးကြေးရေးဆိုင်ရာကဏ္ဍဖြစ်သောကြောင့် အရေးကြီးပါကြောင်း၊ စီမံကိန်း လုပ်ငန်းများဖြစ်၍ ဌာနများအနေဖြင့် တက်ညီလက်ညီနှင့် အားလုံးထင်သာမြင်သာစွာဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ အချိန်တိုကာလအတွင်း ရှိနေသည့်လုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆောင်ရွက်ပေးကြရန် ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများဖြစ်သော ပြည်နယ်စီမံကိန်းဦးစီးရုံး၊ ပြည်နယ်ဗဟိုစာရင်း အင်းအဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ ပြည်နယ် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်အကောက်ခွန်ဦးစီးဌာန၊ ပြည်နယ်ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေး‌ရေး ဦးစီးဌာန၊ ပြည်နယ်ပင်စင်ဦးစီးဌာန၊ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကမ္ဘောဇကုန်သွယ်မှု ဗဟိုဌာန၊ ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ပြည်နယ် စည်ပင်သာယာ‌ရေးဌာန အသီးသီးတို့မှ တစ်ဦးချင်းမိတ်ဆက်၍ လုပ်ငန်းအကျဉ်းတင်ပြဆွေးနွေးပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။     

မောင်မောင်သန်း(တောင်ကြီး)