သတင်းများ

မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ပထမအကြိမ်အစည်းအဝေးကျင်းပ
Feb 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ ပထမအကြိမ် အစည်းအဝေးကို ယမန်နေ့ နေ့လယ်၂နာရီကမြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေ များပေးအပ်
Feb 23,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက် ရှိသော တပ်မတော်သားများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဝိုင်းမော်မြို့ အမှတ်(၂)စည်ပင်သာယာဈေး တည်ဆောက်ပြီးစီးသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး
Feb 23,2021
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ အမှတ် (၂)ရပ်ကွက်၌ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှတ်(၂)ဈေး တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်ပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်နယ်စီမံ
မော်လမြိုင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာများကို အေးချမ်းစွာ ထုတ်ယူလျက်ရှိ
Feb 23,2021
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မြန်မာ့ စီးပွားရေးဘဏ်(၁)(၂)တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ အငြိမ်းစား ဝန်ထမ်း များသည် ပင်စင်လစာများကို အေးချမ်းစွာ ထုတ်ယူလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်စေ့စပ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ ဖွဲ့စည်းပြီး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်
Feb 23,2021
ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် မငြိမ်သက်မှုဖြစ်စဉ်များတွင် ထိခိုက်မှု အနည်းဆုံးဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်စေ့စပ်ညှိနှိုင်း ဖြန်ဖြေရေး အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ပြည်နယ် ကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
ရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉နှင့်အညီ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ
Feb 23,2021
ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ စည်းကမ်းသက်မှတ်ချက်များနှင့်အညီ ပင်စင်လစာများ ထုတ်ပေးနေမှုကို လစဉ် (၂၁)ရက်မှစ၍ လမကုန်ခင်တစ်ရက်အထိ ထုတ်ပေးလျက်ရှိသည်။
ပင်းတယမြို့၌ နိုင်ငံ့ဝန်ထမ်း(ပင်စင်စား)များ၏ ဖေဖော်ဝါရီလအတွက် ပင်စင်လစာများ ထုတ်ပေးလျက်ရှိ
Feb 23,2021
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ပေါ်ရှိ ရပ်ကွက်/ ကျေးရွာများတွင် နေထိုင်ကြသည့်နိုင်ငံ့ဝန်ထမ်း(ပင်စင်စား)များ၏ ဖေဖော်ဝါရီလအတွက် ပင်စင်လစာများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
မန်တုံမြို့တွင် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်
Feb 22,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေပေးဝေရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းဦးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ဖေဖော်ဝါရီလ (၂၀) ရက်နေ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။