သတင်းများ

ရန်ကုန် (ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်း၌ ခရီးသည်သွားလာမှု နည်းပါးသော်လည်း ချယ်ရီရေယာဉ်များ ပုံမှန်ပြေးဆွဲပို့ဆောင်
Mar 22,2021
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ သင်္ဘောဆိပ်ကမ်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အနယ်နယ်အရပ်ရပ် က ခရီးသွား မိဘပြည်သူများ၊ အစိုးရဝန်ထမ်းများနှင့် အထွေထွေလုပ်သားပြည်သူများစွာတို့ကို စီးပွား ရေးမြို့တော် ရန်ကုန်မြို့သို့ မြစ်တွင်းသွား ချယ်ရီသင်္ဘောများဖြင့် နေ့စဉ်ကူးတို့ ပို့ဆောင်ပေးလျက်ရှိ သော သင်္ဘောဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ လက်ရှိ အချိန်ထိ ခရီးသည်သွားလာမှု နည်းပါးသော်လည်း ခရီးသည်များ သွားလာရေး အဆင်ပြေချောမွေ့စေ ရေးအတွက် ရေယာဉ်ခရီးစဉ်များကို ပုံမှန်ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ သိရသည်။
ကလော၌ အစားထိုးသီးနှံစိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာများ အခမဲ့ဖြန့်ဝေ
Mar 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်ကွဲအုပ်စုရှိ ကျေးရွာနေတောင်သူများအတွက် ဘိန်းအစားထိုးသီးနှံစိုက်ပျိုးနိုင်ရေးအတွက် ဓာတ်မြေဩဇာများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှုဦးစီးဌာန၏ နှစ်လဲသက်တမ်းတိုး ဝန်ဆောင်မှုလုပ်ငန်းပြန်လည်စတင်ဆောင်ရွက်ပေး
Mar 22,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန)၌ နှစ်လဲသက်တမ်းတိုး ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်စတင် ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၉) နာရီ (၃၀) မိနစ်က ဆောင်ရွက်ပေးကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် မူလတန်းကျောင်းအုပ်ကြီးများ မြို့နယ်အဆင့် စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်လှစ်
Mar 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အခြေခံပညာ မူလတန်း ကျောင်းအုပ်ကြီးများ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် စွမ်းရည်မြှင့်(မွမ်းမံ)သင်တန်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ စီမံကိန်းလုပ်ငန်းများ လာရောက်ရှင်းလင်း
Mar 22,2021
တာချီလိတ်မြို့နယ်အတွင်းရှိ လယ်ယာမြေများအား လယ်ယာမြေအခြားနည်းအသုံးပြုခွင့်လျှောက်ထားသည့်ကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ လုပ်ငန်းရှင်များမှ လာရောက် ရှင်းလင်းမှုကို ယနေ့နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဖိုးနည်းမီးဖိုချောင်သုံး ဆေးဖက်ဝင် စပါးလင်၏ အာနိသင်
Mar 22,2021
လူတိုင်း လူတိုင်းသည် ကျန်းမာရေးက အဓိကဖြစ်သည်။ ကျန်းမာမှ အလုပ်လုပ်နိုင်မှာပါ။ ဒါ့ကြောင့် ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးပါပဲ။ ကျန်းမာရေးကို ဝယ်လိုလည်း မရသလိုလက်ဆောင်လည်း ပေးလို့မရပါဘူး။ မကျန်းမာမှ ကျန်းမာခြင်း၏ တန်ဖိုးကို လူတိုင်းနားလည်တတ်ကြသည်။ မြို့ပြမှာ မကျန်းမာသူတွေ့အဖို့ ဆေးရုံဆေးခန်းရှိလို့ သိပ်မကြောင့်ကြရသော်လည်း ဆေးရုံ ဆေးခန်းဝေးသော ကျေးလက်ဒေသမှာဆိုလျှင် မီးဖိုချောင်မှရသော အဖိုးနည်းမီးဖိုချောင်သုံးဆေးဖက် ဝင်ပစ္စည်းများက လည်း လူအသက်တစ်ချောင်းကို ကယ်နိုင်စွမ်းရှိပေသည်။
မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာ တိုက်ပွဲရှောင်စခန်းရှိ မီးဘေးသင့်ပြည်သူများအတွက် ပြည်နယ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ ထောက်ပံပစ္စည်းများပေးအပ်
Mar 21,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာရှိ တိုက်ပွဲရှောင်စခန်းမှ မီးဘေးသင့် အိမ်ထောင်စု (၆၆၃)စုအတွက် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီတို့ ပူးပေါင်း၍ ထောက်ပံပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိန်ညို ကျေးရွာသစ် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌ မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့တွင် ရဟန်းသံဃာများနှင့် ဌာနဆိုင်ရာများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ဒုတိယရက်အဖြစ် ဆက်လက်ထိုးနှံပေး
Mar 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် ရဟန်းသံဃာများနှင့် ဌာနဆိုင်ရာများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန် တော်ကြီးတွင် ဒုတိယရက်အဖြစ် ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။