တောင်ကြီး မတ် ၂၂
တာချီလိတ်မြို့နယ်အတွင်းရှိ လယ်ယာမြေများအား လယ်ယာမြေအခြားနည်းအသုံးပြုခွင့်လျှောက်ထားသည့်ကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ လုပ်ငန်းရှင်များမှ လာရောက် ရှင်းလင်းမှုကို ယနေ့နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ဖေဖော်ဝါရီလ(၁)ရက်မှစ၍ အစိုးရအသစ် အပြောင်းအလဲအုပ်ချုပ်မှုကာလတွင် ယခင်အစိုးရလက်ထက်က မပြီးပြတ်သေးသည့် စီမံကိန်းလုပ်ငန်းများ ရှိပါကြောင်း၊ စီမံကိန်းလုပ်ငန်းတွင် အများဆုံးသက်ဆိုင်မှုမှာ မြေယာကိစ္စများဖြစ်သည့် ငှားရမ်းမှု၊ အခြားနည်းသုံးစွဲမှုများပါဝင်သောကြောင့် ယင်းလုပ်ငန်းများအား စုစည်းကာ အချို့လုပ်ငန်းများက ိုရှင်းလင်းပြီး Cabinet ကို တင်ပြ၍ လိုအပ်သည်များကို ရှမ်းပြည်နယ် ကောင်စီအဖွဲ့ဝင်များက ဆွေးနွေးကာ အမှုတွဲအားလုံးပြီးပြည့်စုံပါက သက်ဆိုင်ရာအထက်ကို ပြန်လည်ဆက်တင်ပြီး ပြန်ကျလာပါက ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည့်အတွက် တကယ်လုပ်မည့်လုပ်ငန်းရှင်ကြီးများကို ခေါ်ယူ၍ ရှင်းလင်းတင်ပြခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် လုပ်ငန်းရှင်များမှ လာရောက် ရှင်းလင်းကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စီမံကိန်းလုပ်ငန်းများအား ဆောင်ရွက်မည့်လုပ်ငန်းရှင်(၂)ဦးဖြစ်သော ဦးလော်ဒါး၊ ဒေါ်ဝါဝါနှင့် ဒေါ်မီဒေး ကိုယ်စား တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် သက်ဆိုင်ရာဌာနများမှ ဆွေးနွေးကြကာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် အမှာစကား ပြောကြားကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)