ကျောက်ပန်းတောင်း မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် ရဟန်းသံဃာများနှင့် ဌာနဆိုင်ရာများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန် တော်ကြီးတွင် ဒုတိယရက်အဖြစ် ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် မိတ္ထီလာတပ်နယ်မှ ပါရဂူဗိုလ်ကြီးမျိုးမြင့်သိန်း ဦးဆောင်၍ CDM မလုပ်သည့် ကျန်းမာရေး ဝန်ထမ်း(၃၅)ဦးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ စုစုပေါင်း(၅၀)ဦးဖြင့် အဖွဲ့(၃)ဖွဲ့ခွဲ ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်းသိရပြီး၊ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ကျန်းမာရေး မှတ်တမ်းရယူခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး၊ သံဃာတော်(၉၁)ပါး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း(၂၃၃)ဦး စုစုပေါင်း(၃၂၄)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တတိယနေ့အဖြစ် ယနေ့တွင် ကျန်ရှိသည့် သံဃာတော် အရှင်သူမြတ်များနှင့် ဌာနဆိုင်ရာများအား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)