ပုဗ္ဗသီရိမြို့နယ်၌ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှုဦးစီးဌာန၏ နှစ်လဲသက်တမ်းတိုး ဝန်ဆောင်မှုလုပ်ငန်းပြန်လည်စတင်ဆောင်ရွက်ပေး

ပုဗ္ဗသီရိ မတ် ၂၂ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန)၌ နှစ်လဲသက်တမ်းတိုး ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်စတင် ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၉) နာရီ (၃၀) မိနစ်က ဆောင်ရွက်ပေးကြောင်း သိရသည်။ ကညနရုံးများ၌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်အသစ်များ ကနဦးမှတ်ပုံတင်ခြင်းကို Covid-19 ကြောင့် ဒုတိယအကြိမ် လုပ်ငန်းရပ်ဆိုင်းထားခဲ့ရသည့်ကာလ (၆)လကျော် ရှိသည့်အတွက် ၎င်းလုပ်ငန်းအကြွေးများကို အချိန်မီ ပြန်ဆပ်နိုင်ရန်အတွက် မော်တော်ယာဉ် စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုးပေးရခြင်းဖြစ်ကြောင်း၊ Road Safety ဖြစ်စေရေး အရေးကြီးသည့် အများပြည်သူပို့ဆောင်သည့် ခရီးသည်တင်ယာဉ်များကို ယာဉ်စစ်ဆေးကင်းလွတ်ခြင်းမပြုဘဲ ယာဉ်စစ်ဆေးပြီး Road Safety ဖြစ်မှသာ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း၊ ရုံးပြည်လည် ဖွင့်လှစ်သည့် မတ်လ ၂၂ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ဖြေလျော့ကာလအတွင်း ၉/၂၀၂၁လအထိ သက်တမ်းကုန်ဆုံး၍ သက်တမ်းတိုးလာရောက်ဆောင်ရွက်သည့် မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်များအပြင် နယ်ဝင်/နယ်ထွက်နှင့် အမည်ပြောင်း ဆောင်ရွက်မည့် ယာဉ်များကိုပါ ယာဉ်စစ်ဆေးခြင်း မပြုဘဲ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများဖြင့်သာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မျိုးသီဟ(ပြန်/ဆက်)