သတင်းများ

စဉ့်ကိုင်မြို့နယ်အတွင်းရှိ အသက်(၅၉)နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Mar 26,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင် မြို့နယ်အတွင်းရှိ အသက်(၅၉)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Mar 26,2021
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် ပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Mar 26,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ မဟာရွှေစည်ကြီးစေတီတော်သို့ အများပြည်သူ ဘုရားဖူးမြော်ကြည်ညိုရန် လာရောက်ကြရာတွင် စေတီတော်ပရဝုဏ်အတွင်း သန့်ရှင်း သာယာရေး နှင့် စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထူးမောင်နှင့်အဖွဲ့က ဦးဆောင်ပြီး ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများက မတ် ၂၆ ရက်နံနက် ၇ နာရီခန့်က စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
မဟာဝိဇိတာရုံကျောင်းတိုက်ဝင်းအတွင်း နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး
Mar 25,2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၂) မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်းလိုက်ပါလျက် ချမ်းအေးသာစံမြို့နယ် ၆၇လမ်းနှင့် ၆၈လမ်းကြား၊ ၃၁လမ်းနှင့် ၃၂လမ်း ကြားရှိ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်ဂိုဏ်းလုံးဝန်ဆောင်နာယ၊ ဘဒ္ဒန္တနာယကဆရာတော် သီတင်း သုံးတော်မူနေသည့် မဟာဝိဇိတာ ရုံကျောင်းတိုက်သို့ရောက်ရှိလာပြီး မတ်လ ၇ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးနေသော ကျောင်းတိုက်ဝင်းအတွင်းနိုင်လွန်ကတ္တရာလမ်းခင်းခြင်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။
တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း (ဒုတိယ)သုတ်၊(ပထမ)အကြိမ် အဖြစ် (၁၆၈၇)ဦးထိုးနှံပေး
Mar 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်း(ဒုတိယ)သုတ်၊ (ပထမ)အကြိမ်အဖြစ် ဆရာတော်/သံဃာတော် အရှင်သူမြတ်များ၊ နိုင်ငံ့ဝန်ထမ်း များ၊ အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများ၊ ဈေးဆိုင်/စားသောက်ဆိုင် ရောင်းချသူများနှင့် လူမှုရေး ပရဟိတအဖွဲ့ဝင်များအား မတ်လ(၁၅ ရက်မှ ၂၃) ရက်နေ့ ညနေ(၅)နာရီ အထိ သတ်မှတ်နေရာများတွင် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ လူဦးရေ စုစုပေါင်း(၁၆၈၇)ဦးတို့က စိတ်ဝင်တစား လာရောက်ထိုးနှံ ခဲ့ကြောင်း သိရှိရသည်။
ညောင်ဦးမြို့၌ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ သီလရှင်များ၊ ခရိုင်/မြို့နယ်ဌာန ဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ
Mar 25,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာ ခန်းမကြီးတွင် မတ်လ ၁၈ရက်နေ့ ၊နံနက် ၉နာရီအချိန်မှစတင်ကာထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သီလရှင်များ၊ ခရိုင်/မြို့နယ်ဌာန ဆိုင်ရာဝန်ထမ်းများ၊ ဒေသခံ ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျှက်ရှိရာ ယမန်နေ့ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၁၉၄၅ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း ညောင်ဦး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံကသိရသည်။
ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Mar 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ပထမအကြိမ်အဖြစ် (၂၁.၃.၂၀၂၁)မှ (၂၃.၃.၂၀၂၁)ရက်နေ့အထိ နယ်မြေခံတပ်မိသားစုဝင် များ၊ ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်မိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် အသက် (၁၈)နှစ် ပြည့်ပြီးသူ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ ကြောင်း သိရသည်၊၊
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စွမ်းရည်မြှင့်သင်တန်းတက်ရောက်နေသော အခြေခံပညာမူလတန်း ကျောင်းအုပ်များအား သွားရောက်အားပေးထောက်ပံ့
Mar 25,2021
ကချင်ပြည်နယ်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ကောင်စီအဖွဲ့ဝင်များက မြစ်ကြီးနားမြို့၊ အမှတ် (၅)အခြေခံပညာ အထက်တန်းကျောင်း၌ ပြည်နယ်ပညာရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံပညာ မူလတန်းကျောင်းအုပ်များ စွမ်းရည်မြှင့်သင်တန်းသို့ တက်ရောက်သင်ကြားနေသော ကျောင်းအုပ်များ အား ယမန်နေ့နံနက် ၁၁ နာရီခွဲက သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။