တန့်ယန်း မတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အခြေခံပညာ မူလတန်း ကျောင်းအုပ်ကြီးများ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် စွမ်းရည်မြှင့်(မွမ်းမံ)သင်တန်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ မြို့နယ်အဆင့် စွမ်းရည်မြှင့်(မွမ်းမံ)သင်တန်းတွင် မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူတို့က ကြီးကြပ်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြကာ ကြီးကြပ်ရေးမှူးနှစ်ဦးနှင့် နည်းပြ ဆရာ/ဆရာမ (၁၅) ဦးတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးညွှန်ကြားချက်များနှင့်အညီ မတ်လ ၂၄ ရက်နေ့အထိ စာသင်ခန်း (၅)ခန်းခွဲ၍ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)