ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုဖြစ်ပွား
Apr 08,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၄၅)ရပ်ကွက်၊ ဗိုလ်ချိုလမ်းနှင့် ကြေးရေလမ်း၊ အမှတ်(၅၇၉-၅၈၁)ရှိ အကျယ်(၄၀ -၂၀)ပေ၊ RC တစ်ထပ်၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးအား ယမန်နေ့ ည (၈) နာရီ (၂၀) မိနစ်အချိန်ခန့်တွင် မီးလောင်နေကြောင်း ဖုန်းဖြင့်သတင်းပေးပို့မှုကြောင့် (၈) နာရီ (၂၄) မိနစ် အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် မီးသတ်ဦးစီးမှူး ဦးတင်ထွန်းအောင်၊ မီးသတ်တပ်ဖွဲ့ဝင်(၇)ဦးတို့မှ ရေသယ်ယာဉ် တစ်စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၈) နာရီ (၃၇) မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး (၈) နာရီ (၃၈) မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။