ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုဖြစ်ပွား

ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဧပြီ ၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊(၂)ရပ်ကွက်၊ ယမန်နေ့ ည (၁၁) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် မီးလောင်နေကြောင်း သတင်းပေးပို့မှုကြောင့်   မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင် ဦးဆောင်၍  မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ မီးသတ်ယာဉ် နှစ်စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက် (၁၂) နာရီ (၁၅) မိနစ်အချိန်တွင်  မီးငြိမ်းသွားခဲ့ကြောင်း သိရ သည်။

အဆိုပါ မီးလောင်မှုကြောင့် အကျယ်(၂၀x၃၀) ရှိသွပ်မိုး၊ ပျဉ်ခင်း၊ ကျောက်ပြားကာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ရုံးအတွင်းရှီ  စာရွက်စာတမ်းအနည်းငယ်နှင့် ပလပ်စတစ်ထိုင်ခုံ နှင့် စားပွဲများ မီးလောင်ပျက်စီးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)