တွံတေး ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၌ ရပ်ကွက်အတွင်းရှိအသက် ၁၈ နှစ်ပြည့်ပြီးသူများ အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီမှ စတင်ပြီး နေ့လယ် ၂ နာရီအချိန်ထိ တွံတေးမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ဆေးထိုးမည့်သူများအား ကနဦး ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်စေပြီး ကျန်းမာရေး ကောင်းမွန်သူများအား ကာကွယ်ဆေးထိုးနှံခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ပေးလျက်ရှိသည်။
တွံတေးမြို့နယ်အတွင်း ရှိအသက် ၁၈ နှစ်ပြည့်ပြီးသူအထက်ရှိပြည်သူလူထုအား ပထမဦးဆုံး အကြိမ်ဖြစ် ကာကွယ်ဆေးထိုးခြင်းကို ယနေ့တွင် ဆက်လက်ဆေးထိုးပေးလျက် ရှိကြောင်း၊ ဆေးထိုးစုရပ်အနေဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယမန်နေ့ က ဒုတိယအကြိမ်အသက်ကြီးရွယ်အိုများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံလျက်ရှိသည်။
ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ စသည့် နာတာရှည်ရောဂါ အခံရှိသောသူများနှင့် ယင်း ရောဂါများအတွက် သက်ဆိုင်ရာ ဆေးဝါးများသောက်သုံးနေရသောသူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး၍ရကြောင်း၊ ရောဂါအခံရှိနေသော သူများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရလျှင် အသက်အန္တရာယ်စိုးရိမ်ရသောကြောင့် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးသင့်သော သူများ ဖြစ်ကြောင်း သိရသည်။
ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးမထိုးခင် သွေးပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းများ ဆောင်ရွက်ပြီး ပုံမှန်ဖြစ်မှဆေးထိုးပေးကြောင်း သိရသည်။ ကာကွယ်ဆေးထိုးပြီးတော့ ထူးခြားမှု ရှိ၊ မရှိကို နာရီဝက် စောင့်ကြည့်ကြောင်းသိရသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီး သူများအား ကာကွယ်ဆေးနှင့် ဓာတ်တည့်မှုရှိ၊ မရှိနှင့် ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများ ရှိ၊ မရှိ အတွက် သက်မှတ်နေရာများတွင် နာရီဝက်ခန့် စောင့်ကြည့်စေပြီး လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို မြိုနယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)