ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးစေတီပုထိုးများတွင် ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်
Apr 11,2021
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးစေတီပုထိုးများဖြစ်ကြသော ရွှေတိဂုံ စေတီတော်မြတ်ကြီး၊ ရန်ကင်းမြို့နယ်ရှိ မိုးကောင်း စေတီတော်မြတ်ကြီး၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး၊ သင်္ကန်းကျွန်းမြို့နယ်ရှိ ကျိုက်က္ကဆံ စေတီတော်မြတ်ကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကျိုက်ဒေးယျုံအာနန္ဒာ စေတီတော်မြတ်ကြီးတို့တွင် ယနေ့ နံနက်မှစ၍ အနယ်နယ်အရပ်ရပ်ရှိ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများက ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် ဆီမီးကပ်လှူ၍ လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။