တာလေမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမနေ့ စတင်ထိုးနှံ
Apr 09,2021
တာလေမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပထမနေ့အဖြစ် ယနေ့ နံနက်ပိုင်းက စတင်ထိုးနှံ ပေးလျက်ရှိပြီး အသက် ၆၅ နှစ်အထက်ရှိ သက်ကြီးဘိုးဘွားများအပြင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား မိဘပြည်သူများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ တာလေဘုန်းတော်ကြီးကျောင်းရှိ ခန်းမဆောင်အတွင်း ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။