ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဧပြီ ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက် ယောမင်းကြီးလမ်း ၌ ယနေ့ နံနက် (၂) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် မီးလောင်နေကြောင်း သတင်းပေးပို့မှုကြောင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး၊ မီးသတ်ယာဉ် ()စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၃) နာရီ (၁၅) မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် အကျယ်(၃၀x၅၀)ရှိသွပ်မိုး၊ ကွန်ကရစ်ခင်း၊ အုတ်ကာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းရှိ စာရွက်စာတန်းများ၊ စားပွဲ၊ ကုလားထိုင်များနှင့် ရပ်ကွက်ရုံးနှင့်တွဲ၍ ဖွင့်လှစ်ထားသော သုတဘဏ်စာကြည့်တိုက်အတွင်းရှိ စာအုပ်၊ စာစောင်များ ပလပ်စတစ် ထိုင်ခုံ နှင့် စားပွဲများ မီးလောင်ပျက်စီးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)