လှိုင်းဘွဲ ဧပြီ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အင်းနို့သိပ္ပံ-နောကော ကျေးရွာချင်းဆက် လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါလမ်းမပေါ်၌ ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များက တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
လမ်းဖွင့်ပွဲအခမ်းအနားတွင် ကရင်ရိုးရာဒုံးအကဖြင့် ကပြဖျော်ဖြေပေးခဲ့ပြီး ဆရာတော်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ခွင့်ပြုငွေကျပ်(၂၉.၈၃)သန်းဖြင့် ကတ္တရာလမ်းအရှည်(၁၂၀၀)ပေ၊ အကျယ်(၁၂)ပေ၊ အထူ(၆)ပေနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ်(၁၆၃.၃၇၉)သန်းဖြင့် ကတ္တရာလမ်း(၁)မိုင်တို့ကို ကျေးရွာနေပြည်သူများ သွားလာရေး အဆင်ပြေစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)