အင်းစိန်မြို့နယ်၌ လမ်းသွယ်များတွင် ပိတ်ဆို့ထားသည့် အတားအဆီးများအား ဖယ်ရှား ရှင်းလင်း

ရန်ကုန် ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ လမ်းသွယ်များတွင် ပိတ်ဆို့ထားသည့် အတားအဆီးများအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ပိန္နဲကုန်းရပ်ကွက်နှင့် မြို့သစ်(က+ခ)ရပ်ကွက် တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်မှ စစ်နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ညီညီမောင်၊ အင်းတိုင်တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်စိုးဦးနှင့်အဖွဲ့၊ အမှတ်(၅၉) ခြေလျင် တပ်ရင်းမှ ယာယီတပ်ရင်းမှူး မျိုးမြင့်အောင်နှင့်အဖွဲ့၊ အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ၊ အဖွဲ့ဝင် ဗိုလ်မှူး သုခလှိုင်၊အဖွဲ့ဝင် ဦးဝင်းဇော်၊ အတွင်းရေးမှူး ရဲမှူး အောင်နိုင်မိုးနှင့် အဖွဲ့တို့မှ ရပ်ကွက်ရုံးများအား ပုံမှန်ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေး အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ဖော့ကန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်း၊ရုံးလုပ်ငန်းများ ပုံမှန်ဖွင့်လှစ်နိုင်ရေး ဆွေးနွေး ဆောင်ရွက်ခြင်းနှင့် ပိန္နဲကုန်းရပ်ကွက်နှင့် မြို့သစ်(က+ခ)ရပ်ကွက် များအတွင်းရှိ လမ်းသွယ် များ၌ ပိတ်ဆို့ထားသည့် အတားအဆီးများအား ဖယ်ရှားရှင်းလင်းခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(အင်းစိန်)