လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

လှိုင်းဘွဲ ဧပြီ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြိုင်ကြီးငူအထူးဒေသ ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြိုင်ကြီးငူအထူးဒေသတွင် ဧပြီလ(၄)မှစတင်၍ ဧပြီလ(၇)ရက်နေ့အထိ ထိုးနှံပေးခဲ့ရာ သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများ စုစုပေါင်းလူဦးရေ(၆၀၀)ဦးခန့် ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)