သတင်းများ

ကော့ကရိတ်မြို့၌ သံဃာတော်များ၊ သီလရှင်များ၊ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Apr 23,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက် (၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ သံဃာတော် များ၊ သီလရှင်များ၊ ပြည်သူများနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဧပြီ ၂၁ရက် ၈နာရီခွဲအချိန်က ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
မြိတ်မြို့တွင် ငါးသယံဇာတပေါများစေရေးအတွက် ကကတစ်ငါးသားပေါက် အကောင်ရေ(၈၀၀၀၀) မျိုးစိုက်ထည့်
Apr 23,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတတည်တံ့စေရေး၊ ငါးသယံ ဇာတပေါများစေရေးအတွက် မြိတ်မြို့၊ သာကေတရပ်ကွက်၊ ကမ်းနားလမ်း၊ သစ်ယာဝဆိပ်ခံတံတားတွင် ဧပြီလ (၂၃)ရက် နံနက်(၈)နာရီက သဘာဝရေပြင်အတွင်းသို့ ကကတက် ငါးသားပေါက် အကောင်ရေ(၈၀၀၀၀)မျိုးစိုက် ထည့်ခဲ့ကြသည်။
မိုင်းယောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နမ့်ဆီလင်းကျေးရွာသို့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ထောက်ပံ့
Apr 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်အတွင်း ဝေးလံခေါင်သီ၍ သွားလာရခက်ခဲသော တောင်ပေါ်တိုင်းရင်းသား ကျေးရွာများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို ကူညီပေးနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားဆေးမှူးများ ပါဝင်သောအဖွဲ့သည် ဧပြီ ၂၂ ရက်က မုန်းလိုက်ကျေးရွာအုပ်စု၊ နမ့်ဆီလင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တန့်ယန်းမြို့၌ ဆရာတော် သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Apr 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် မြို့နယ်ရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော် သံဃာတော်ကြီးများအား ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၁၀)ရပ်ကွက်ရှိ တပ်ဦးကျောင်းတိုက်၌ စတင်ထိုးနှံပေးခဲ့သည်။
မိုင်းယုမှတစ်ဆင့် အထူးဒေသ(၄)၊နမ့်ပန်းသို့ ဝင်ရောက်လိုပါက ကိုဗစ်ဆေးထောက်ခံချက်/လက်မှတ်နှင့်အတူQuarantine ဝင်ပြီးမှ သွားလာခွင့်ရမည်
Apr 23,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ မိုင်းယု-ကျိန်းယဲန်းတံတားမှတစ်ဆင့် NDAA(မိုင်းလား)အဖွဲ့နယ်မြေ၊ နမ့်ပန်းဒေသသို့ သွားရောက်လိုပါက ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံချက်(သို့) ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးကြောင်းလက်မှတ်ပြကာ Quarantine(၁၄)ရက် ဝင်ရောက်ပြီးမှ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း သက်ဆိုင်ရာအဖွဲ့ထံမှ သိရသည်။
လင်းခေးမြို့ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Apr 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့ပေါ်ရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်၈နာရီက လင်းခေး မြို့နွယ်ဝတီ ခန်းမ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြောက်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသော ကျေးရွာများသို့သောက်သုံးရေ သွားရောက် လှူဒါန်း
Apr 22,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများအချို့၌ နွေရာသီပူပြင်း ခြောက်သွေ့သောကာလသို့ရောက်ရှိချိန်မှစ၍ ရေတွင်း၊ ရေကန်များခမ်းခြောက်ပြီး သောက်သုံးရေများ ပြတ်လပ်မှုဖြစ်ပေါ်နေသဖြင့် ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်မီးသတ်စခန်းမှ လက်ထောက် မီးသတ် ဦးစီးမှူး ဦးကျော်ရဲထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ သောက်သုံးရေပြတ်လပ်သော ကျေးရွာ များသို့ မီးသတ်ရေသယ်ယာဉ်ဖြင့်သွားရောက်ပြီး သောက်သုံးရေများသွားရောက်ဖြန့်ဝေလှူဒါန်းပေးခဲ့ ကြောင်း သိရသည်။
ကျောက်ဖြူမြို့၌ မိုးရာသီတွင်စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း ၂၀၀၀၀ ပျိုးထောင်ထားရှိ
Apr 22,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပစေရန်အတွက် မိုးရာသီကာလတွင်သစ်ပင်များစိုက်ပျိုးရန် မြို့မ-ယာယီပျိုးဥယျာဉ်၌ ပျိုးပင်ပေါင်း ၂၀၀၀၀ ကို ပျိုးထောင်ထားရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။