တန့်ယန်းမြို့၌ ဆရာတော် သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

 

တန့်ယန်း  ဧပြီ  ၂၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် မြို့နယ်ရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော် သံဃာတော်ကြီးများအား ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၁၀)ရပ်ကွက်ရှိ တပ်ဦးကျောင်းတိုက်၌ စတင်ထိုးနှံပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းကို အခြေချစစ်ဗျူဟာအဖွဲ့(တန့်ယန်း)မှ စစ်ဗျူဟာမှူးကြီး ဗိုလိမှူးကြီးခွန်အောင်သွင်နှင့် နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းနှင့် တာဝန်ရှိ ဌာနဆိုင်ရာအကြီးအကဲများ ကြီးကြပ်ကာ အမှတ်(၃) တပ်မတော်ဆေးရုံ (ခုတင်-၂၅)မှ ဆရာဝန်နှင့် သူနာပြုများတို့က ကျောင်းတိုက်အသီးသီးမှ ဆရာတော်ကြီး များ၊ သံဃာတော် အရှင်သူမြတ်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ကို ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

 မင်းလွင်ဦး(ပြန်/ဆက်)