သတင်းများ

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Apr 23,2021
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး (၃)ထပ်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျောက်တန်းမြို့နယ် မြကိုင်းကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပလပ်စတစ်ခြင်းယက်သင်တန်းဖွင့်လှစ်
Apr 23,2021
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး စားဝတ်နေရေး အတွက် တစ်ဘက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရန်ရည်ရွယ်၍ ကျေးရွာများအရောက်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီ က မြကိုင်းကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပလပ်စတစ်ခြင်းယက် သင်တန်း ဖွင့်ပွဲအခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆောင်ရွက်
Apr 23,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အမှတ်(၇)တပ်မတော်ဆေးရုံ ကုတင်(၁၀၀) အတွက် ထောက်ပံ့အလှူငွေပေးအပ်
Apr 23,2021
ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အမှတ်(၇)တပ်မတော်ဆေးရုံ (ကုတင်-၁၀၀)တွင် ဆေးကုသ ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့် ဆေးဝါးများ ဝယ်ယူရန်အတွက် ထောက်ပံ့အလှူငွေ ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီက ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Apr 23,2021
၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီ က စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက အမှာစကားပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
Apr 23,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
ဗိုလ်တထောင်မြို့နယ်တွင် (Grade-4/Grade-7/Grade-10)သင်ရိုးသစ်မြို့နယ်အဆင့်သင်တန်းဖွင့်လှစ်
Apr 23,2021
ဗိုလ်တထောင် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ နည်းပြဆရာ၊ဆရာမများအတွက် (Grade-4/Grade-7/Grade10)သင်ရိုးသစ် မြို့နယ် အဆင့် သင်တန်းကို ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ဗိုလ်မြတ်ထွန်းလမ်း အ.ထ.က (၂)ကျောင်းတွင် (၂၁. ၄. ၂၀၂၁)ရက်နေ့မှ (၂၃. ၄. ၂၀၂၁)ရက်နေ့ထိ မနက်(၉:၀၀)နာရီမှ ညနေ(၃:၀၀)ထိဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် (Grade-4/Grade-7/Grade-9) သင်ရိုးသစ်မြို့နယ်အဆင့်သင်တန်းဖွင့်လှစ်
Apr 23,2021
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ နည်းပြ ဆရာ၊ ဆရာမများအတွက် (Grade- 4/Grade-7/Grade-9) သင်ရိုးသစ် Face to Face မြို့နယ်အဆင့် သင်တန်းကို ဧပြီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ဖွင့်လှစ်ခဲ့သည်။