သတင်းများ

နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသမြှင့်တင်ရေးနှင့် ခရီးစဉ်နေရာများ သန့်ရှင်းသာယာလှပရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 22,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသ မြှင့်တင်ရေးနှင့် ခရီးစဉ်နေရာများ သန့်ရှင်းသာယာလှပရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
မိတ္ထီလာမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာလေးရွာမှ ဘုန်းတော်ကြီး ကျောင်းများနှင့် YGW ပရဟိတကျောင်းတို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း
Apr 22,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေ လိုအပ်လျက်ရှိသော ကျေးရွာ လေးရွာမှ ဘုန်းတော်ကြီးကျောင်းများနှင့် YGW ပရဟိတကျောင်းတို့ ယမန်နေ့ နံနက်က သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Apr 22,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ထန်းလျှော်တောင်း ယက်လုပ်သူများ ဝင်ငွေကောင်းရရှိ
Apr 22,2021
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ကျောက်ဆည်ခရိုင်၊ တံတားဦး မြို့နယ် ဘလဲ့ဘကျေးရွာ၌ ထန်းလျှော်တောင်း ယက်လုပ်သူများ ဝင်ငွေကောင်းသည့်အတွက် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ရှိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်းရှိ အရာထမ်း၊ အမှုထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိ
Apr 22,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီက စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် မြို့နယ်အတွင်းရှိ အရာထမ်း၊ အမှုထမ်းများအား ဆက်လက်ထိုးနှံပေး လျှက်ရှိကြောင်းသိရသည်။
မိုင်းယောင်း၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Apr 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(COVISHIELD)ကို ဧပြီ ၂၂ ရက်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၌ စုရပ်ထားရှိပြီး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တောင်ပြိုလက်ဝဲမြို့ရှိ ဌာနဆိုင်ရာများနှင့် ပြည်သူများအားကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ
Apr 22,2021
ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ ဌာနဆိုင်များနှင့် ပြည်သူများအား ယနေ့နံနက်ပိုင်း မှစတင်၍ ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။
မိုင်းယုမြို့၌ နှစ်ထပ်ဆွမ်းစားကျောင်းဆောင်အတွက် အလှူငွေများ ဆက်လက်လှူဒါန်း
Apr 22,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် မြို့မရပ်ကွက် ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်အတွင်း နှစ်ထပ်ဆွမ်းစားဆောင်ဆောက်လုပ်ရန်အတွက် ယမန်နေ့က ပြည်သူများမှ အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိသည်။