ကျောက်ဖြူ ဧပြီ ၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပစေရန်အတွက် မိုးရာသီကာလတွင်သစ်ပင်များစိုက်ပျိုးရန် မြို့မ-ယာယီပျိုးဥယျာဉ်၌ ပျိုးပင်ပေါင်း ၂၀၀၀၀ ကို ပျိုးထောင်ထားရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ထိုသို့ပျိုးထောင်ထားရှိရာတွင် ရုံးခြံဝင်းအတွင်းရှိ မြို့မ-ယာယီပျိုးဥယျာဉ်၌ ကျွန်းပျိုးပင် ၅၀၀၀၊ မန်ဂျန်ရှားပျိုးပင် ၁၀၀၀၀၊ မယ်ဇလီပျိုးပင် ၃၀၀၀ နှင့် ပင်လယ်ကဗွီး ၂၀၀၀ ပင်တို့အား ပျိုးထောင် ထားရှိသည်။
ကျောက်ဖြူမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီကာလတွင်စိုက်ပျိုးနိုင်ရန်အတွက် အဆိုပါပျိုးပင်များအား နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ပြည်သူလူထုများထံသို့ အခမဲ့ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌှာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း