မြောက်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသော ကျေးရွာများသို့သောက်သုံးရေ သွားရောက် လှူဒါန်း

မြောက်ဦး ဧပြီ ၂၂ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများအချို့၌ နွေရာသီပူပြင်း ခြောက်သွေ့သောကာလသို့ရောက်ရှိချိန်မှစ၍ ရေတွင်း၊ ရေကန်များခမ်းခြောက်ပြီး သောက်သုံးရေများ ပြတ်လပ်မှုဖြစ်ပေါ်နေသဖြင့် ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်မီးသတ်စခန်းမှ လက်ထောက် မီးသတ် ဦးစီးမှူး ဦးကျော်ရဲထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ သောက်သုံးရေပြတ်လပ်သော ကျေးရွာ များသို့ မီးသတ်ရေသယ်ယာဉ်ဖြင့်သွားရောက်ပြီး သောက်သုံးရေများသွားရောက်ဖြန့်ဝေလှူဒါန်းပေးခဲ့ ကြောင်း သိရသည်။ အဆိုပါ ကျေးရွာများတွင် နှစ်စဉ်သောက်သုံးရေပြတ်လပ်သော ပွင့်လင်းရာသီဖြစ်သည့် မတ်လမှ မေလ အထိ ကျေးလက်ဒေသများမှ ကျေးလက်နေပြည်သူများ သောက်သုံးရေအခက်အခဲများကြုံတွေ့ရလေ့ ရှိပြီး ယခုနှစ်တွင်လည်း သောက်သုံးရေအတွက်အားထားရသော မြေသားရေလှောင်ကန်များ၌ ဆောလျင် စွာ ရေခန်းခြောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ကျေးလက်နေပြည်သူများ၏ ပြောကြားချက်အရ သိရသည်။ ဆက်လက်ပြီး မြောက်ဦးမြို့နယ်အတွင်း သောက်သုံးရေအခက်အခဲကြံတွေ့နေရသော ပုဇွန်ဖေ ကျေးရွာ၊ တိန်ညိုကျေးရွာရှိ တိုက်ပွဲရှောင်စခန်းများနှင့် မြို့ပေါ်ရပ်ကွက်များရှိ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး သောက်သုံးရေများဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။ ခင်မောင်ထွန်း