မိုင်းယု ဧပြီ ၂၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ မိုင်းယု-ကျိန်းယဲန်းတံတားမှတစ်ဆင့် NDAA(မိုင်းလား)အဖွဲ့နယ်မြေ၊ နမ့်ပန်းဒေသသို့ သွားရောက်လိုပါက ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံချက်(သို့) ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးကြောင်းလက်မှတ်ပြကာ Quarantine(၁၄)ရက် ဝင်ရောက်ပြီးမှ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း သက်ဆိုင်ရာအဖွဲ့ထံမှ သိရသည်။
အဆိုပါ NDAA(မိုင်းလား)အဖွဲ့နယ်မြေ၊ နမ့်ပန်းဒေသသို့ သွားရောက်လိုသည့် အလုပ်သမား၊ ဒေသခံနှင့် အခြားနယ်မှ ခရီးသွားပြည်သူများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၂ ရက်နေ့ကစတင်၍ နယ်စပ်ဒေသ မိုင်းယု-ကျိန်းယဲန်းတံတားမှ ဖြတ်သန်းသွားမည်ဆိုပါက မိမိတို့ သက်ဆိုင်ရာဆေးရုံများမှ ကိုဗစ်-၁၉ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက်(သို့) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်ကို မိုင်းယု-ကျိန်းယဲန်းတံတားတစ်ဖက်ခြမ်းရှိ အထူးဒေသ(၄)အဖွဲ့ထံပြ၍ နမ့်ပန်းဒေသတွင် Quarantine (၁၄)ရက် ဝင်ရောက်ရမည်ဖြစ်ကြောင်းနှင့် ယင်း Quarantine (၁၄)ရက်ဝင်နေစဉ်ကာလအတွင်း တစ်ရက်လျင် တရုတ်ယွမ်ငွေ(၆၀)(သို့) မြန်မာကျပ်ငွေ(၁၂၀၀၀)ကျပ်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း NDAA(မိုင်းလား) အဖွဲ့က မိုင်းယုဖက်ခြမ်းရှိ သက်ဆိုင်ရာအဖွဲ့ထံ ပြောကြားခဲ့ကြောင်း သိရသည်။
လင်းလတ်(Myu )