လင်းခေး ဧပြီ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့ပေါ်ရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်၈နာရီက လင်းခေး မြို့နွယ်ဝတီ ခန်းမ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆေးထိုးနှံပေးရာတွင် ပထမအကြိမ်ဆေးထိုးပြီးသူများအား ဒုတိယအကြိမ်ထိုးပေးခြင်းနှင့် ပထမအကြိမ်လာရောက်ထိုးနှံကြသည့် ပြည်သူလူထု စုစုပေါင်း(၃ဝဝ) ဦး ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရပြီး အသစ်လာရောက်ထိုးနှံသူ(၈ဝ)ဦး ဒုတိယအကြိမ်ထိုးနှံသူ(၂၂ဝ)ဦး ဖြစ်သည်။
လင်းခေးမြို့ပေါ်ရှိ ပြည်သူများအား ၄င်းကာကွယ်ဆေးထိုးနှံပေးခြင်းသည် ယနေ့အထိ (တတိယအကြိမ်) ရှိခဲ့ပြီးဖြစ်ကြောင်း မြို့နယ်တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
စိုင်းဇော်လတ်(လင်းခေး)