ဓမ္မနဒီဆရာတော် ဘဒ္ဒန္တဓမ္မသာမိမှလှူဒါန်းသော အောက်ဆီဂျင်အိုးများ ဝန်းသိုမြို့သို့ရောက်ရှိ
Jul 27,2021
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို အထောက်အကူပြုစေရန်အတွက် ဓမ္မနဒီဆရာတော် ဘဒ္ဒန္တဓမ္မသာမိ (ဂျိုးတောင်) မှလှူဒါန်းသော မြို့နယ်ပြည်သူ့ဆေးရုံအတွက် ၄၀ လီတာဝင် အောက်ဆီဂျင်အိုး ၂၅ လုံး ဂျိုးတောင် တိုက်နယ်ဆေးရုံအတွက် ၄၀ လီတာဝင် အောက်ဆီဂျင်အိုး ၂၀ လုံး စုစုပေါင်း အောက်ဆီဂျင်အိုး ၄၅လုံး သည် ယမန်နေ့က ဝန်းသိုမြို့သို့ရောက်ရှိခဲ့ကြောင်း သိရသည်။