နတ်မောက်မြို့နယ်တွင် သဘာ၀ဘေးဒဏ်သင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

 
 
နတ်မောက် မေ ၇
 
မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ်တွင်တိုက်ခတ်ခဲ့သော မိုးသက် လေပြင်းဒဏ်ကြောင့် သဘာ၀ဘေး သင့်ခဲ့သော ပိတောက်ငုတ်ကျေးရွာအုပ်စု ပိတောက်ငုတ် ရွာသစ်ကျေးရွာ၌ ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ် ဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ ငွေများ လက်၀ယ်အရောက် ကွင်းဆင်းပေး အပ်ခဲ့ ကြောင်းသိရသည်။
 
ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းမော်နှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးဦးစည်သူလွင် နှင့် ကျေးရွာအုပ်ချုပ်ရေးမှုးတို့က အိမ်တိုင်ရာအရောက် သွားရောက် ပေးအပ်ခဲ့ သည်။
 
ထိုသို့ပေးအပ်ရာတွင်အိမ်ခြေတစ်ခုချင်းစီအလိုက် ပျက်စီးဆုံးရှုံးမှုပမာဏအပေါ်မူတည်၍ ထောက်ပံ့ပေးခြင်း ဖြစ်ရာ အမိုးလန်ပျက်စီးခဲ့သောလူနေအိမ် လေးလုံးအတွက် ဆန်ရိက္ခာဖိုး (၂၇၃၀ဝိ/-) ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၆၀၀၀ဝိ/-) ၊ စုစုပေါင်း (၁၈၇၃၀ဝိ/-) ကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ် ခဲ့သည်။ ထို့ပြင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့် အဖွဲ့ဝင်များက ဘုန်းတော်ကြီးကျောင်း စောင်းတန်းပျက်စီးမှုအတွက် အလှူငွေ (၉၀၀၀ဝိ/-) ၊ ဆန် (၁)အိတ် ၊ ဆီ (၁) ပုံး လှူဒါန်းပေးခဲ့ပြီး ၊ မြို့နယ်မီးသတ်တပ်ဖွဲ့က အဆိုပါကျေးရွာရှိ ပျက်စီးသွားသော နေအိမ်များကို အမိုးများလုံခြုံမှုရှိစေရန် ပြုပြင် ဆောင်ရွက် ပေးခြင်း၊ အန္တရာယ်ရှိသော သစ်ပင်များအား ခုတ်လှဲပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
 
သင်းသင်းမြတ်