မိတ္ထီလာမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်ချို့ပျက်စီးဆုံးရှုံးမှုဖြစ်ပွား

မိတ္ထီလာ  မေ  ၇

မိတ္ထီလာမြို့နယ် ကျေးရွာများ၌ ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ဇရပ်ကုန်းကျေးရွာအုပ်စု ဇရပ်ကုန်းကျေးရွာတွင်    လူနေအိမ် ၁ အိမ် ၊ လှည်းပွဲကျေးရွာအုပ်စု လှည်းပွဲကျေးရွာတွင်လူနေအိမ်၂ အိမ် ၊သဲတောကျေးရွာတွင် ၁၃ အိမ်   စုစုပေါင်း လူနေအိမ် ၁၆ အိမ် အမိုးလန်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်ခုနှစ်သိန်းခုနှစ်သောင်း လေးထောင်တိတိဖြစ်ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သီသီချိုထံမှသိရသည်။

အဆိုပါသဘာဝဘေးအန္တရာယ် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ကူညီနိုင်ရေးအတွက်  သက်ဆိုင်ရာက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်