တာလေမြို့၌ အသက်(၂)လမှ (၁) နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်

တာလေ        မေ         ၇

တာလေမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်းများနှင့် ပေါင်ချိန်ခြင်းများကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့၊ နားယောင်းကျေးရွာ အုပ်စုအတွင်းရှိ နားအွန်ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ကာကွယ်‌ဆေးလာရောက်ထိုးနှံကြသည့် ကလေးငယ်များကို ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ပေါင်ချိန်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ကြပြီး ယနေ့ ကာကွယ်ဆေးလာရောက် ထိုးနှံကြသည့် ကလေးများမှာ (၃၅ )ဦးရှိပါတယ် ” ဟု နားအွန် ကျေးလက် ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်ခင်ခင်ရီ ထံမှသိရသည်။

အသက်နှစ်လမှ တစ်နှစ်ခွဲအောက်ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းနှင့် ပေါင်ချိန်ခြင်း အစီအစဉ်တွင် ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ ဝက်သက်-ဂျိုက်သိုး၊ bcg ကာကွယ်ဆေး၊ pcv ငါးမျိုးစပ် ကာကွယ်ဆေး၊ penta ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ opv  ပိုလီယိုအစက်ချ ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကလေးငယ်များကို ပေါင်ချိန်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ၎င်းအပြင် ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ကလေးများကို ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်း၊ ပုံမှန်ပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အောင်ကျော်မိုး(ပြန်/ဆက်)