ရန်ကုန် မေ ၇
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် သက်ဆိုင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးစက်မှုဇုန် (၂၉) ဇုန်မှ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး မင်္ဂလာခန်းမတွင် တိုင်းဒေသကြီးစက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၀ ခုနှစ်တွင် စက်မှုဇုန်ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပြီးဖြစ်၍ မူလတည်ရှိပြီး စက်မှုဇုန်များအနေဖြင့် စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် ဥပဒေနဲ့အညီ စနစ်တကျရှိစေရေး ဆောင်ရွက်နိုင်ရန်နှင့် အခက်အခဲ များရှိပါက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးနိုင်ရန် အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက စက်မှုဇုန်အတွင်း ဌာန ဆိုင်ရာများနှင့် ပေါင်းစပ်၍ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ လျော့နည်းသွားသည့် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဝင်များကို အစားထိုးဖြည့်စွက်ဖွဲ့စည်းမည့် အခြေအနေများ၊ လမ်းကောင်းမွန် ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများ ကျူးကျော်နေထိုင်သူ စီမံရေးကိစ္စများ လျှပ်စစ် ဓာတ်အား အချိန်ပြည့်ရရှိရေးကိစ္စ၊ လုံခြုံရေးဆောင်ရွက်မှု အခြေအနေများနှင့် သက်ဆိုင်ရာဌာနများက ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးကြသည်။ ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နိုင်ငံ တော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသည့် စက်မှုဇုန်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်စက်မှုဇုန်ဥပဒေနှင့်အညီ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များကို အသေးစိတ်ရှင်းလင်းပြောကြားကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)