ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဗိုလ်မှူးချုပ်အောင်နိုင်ဦး ပြည်မှ အုတ်ဖိုမြို့နယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများအား လာရောက်အားပေး

အုတ်ဖို မေ ၇

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ပြည်မှ ဗိုလ်မှူးချုပ်အောင်နိုင်ဦးသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူဆေးရုံတွင် ယနေ့ နံနက် ၉ နာရီ ၂၀ အချိန်က ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း များအား လာရောက်တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ဗိုလ်မှူးချုပ်အောင်နိုင်ဦးမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇော်မောင်နှင့် လက်ထောက် ဆရာဝန်များ၊ တိုက်နယ်ဆေးရုံ ဆရာဝန်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္က ဦးအောင်ဇော်မင်း နှင့် အဖွဲ့ဝင်များအားတွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ဆွေးနွေးရာတွင် တာဝန်ထမ်းဆောင်နေ တဲ့ ဆရာဝန်ဆရာမများအနေနဲ့ ခြိမ်းခြောက်မှုများ ရှိလာပါက မိမိတို့အနေနဲ့ အစွမ်းကုန်ကာကွယ်ပေး သွားမှာဖြစ်ကြောင်း၊ ထို့အတူ ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံတွေမှာ သန့်ရှင်းရေးမှအစ အကူ အညီများ လိုအပ်လာပါက မိမိတို့အနေဖြင့် အစွမ်းကုန်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများအတွက် ကြက်ဥ၊ ကော်ဖီမစ်နှင့် ထောက်ပံငွေများကို မြိုနယ် ဆရာဝန်ကြီးနှင့် တိုက်နယ်ဆရာဝန်များ၊ ကျန်မာရေးဝန်ထမ်းများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)