ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကုက္ကိုလ်ပင်စုကျေးရွာတွင် ကျေးရွာနေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနိုင်ရန်အတွက် အခြေခံအပ်ချုပ်စက်သင်တန်းကို မေလ ပထမပတ်မှ စတင်ကာ မေလကုန်အထိ တစ်လတာ သင်တန်းအဖြစ် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အောင်ပင်လယ်ကျေးရွာမှ တောင်သူများအနေဖြင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းနှင့် ဥယျာဉ်ခြံ မြေ စိုက်ပျိုးရေးလုပ်ငန်းကိုတွဲဖက်လုပ်ကိုင်လျက်ရှိရာ ကျေးရွာ ၏အရှေ့ ဘက်ရှိလယ်မြေတွင် မြေအောက်ရေကိုအသုံးပြု၍ 855 ဖရဲမျိုးကိုစိုက်ပျိုး ရောင်း ချရာ အောင်မြင် ဖြစ်ထွန်း၍ မိသားစုဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မျိုး ဆက်သစ် အားကစားမောင်မယ်များအား နွေရာသီ အားကစားသင်တန်းအဖြစ် ဘော်လီဘော၊ စစ်တုရင် ၊မြန့်မာ့သိုင်းပညာ အား ကစားနည်းများကို မေ၁ရက်နေ့မှ မေ၂၁ရက်နေ့အထိ ကျိုက်မရောမြို့ မိုးလုံ လေလုံအားကစားခန်းမ၌လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
Copyright 2020