သတင်းများ

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အဆောက်အအုံသစ်ဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး
May 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အဆောက်အအုံသစ်ဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းသက်နောင်ထံမှ သိရသည်။
မင်းလှ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းတစ်‌ကျောင်း အမိုးလန် ပျက်ဆီးဆုံးရှုံးမှုဖြစ်ပွား
May 11,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ယမန်နေ့က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း အမိုးလန်ပျက်ဆီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပန်းတနော်တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးရေး ပန်းခင်းစီမံချက် ဆောင်ရွက်ပေးလျက်ရှိ
May 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာနက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးရေး ပန်းခင်း စီမံချက်ကို မေလ ၃ ရက်နေ့မှ စတင်၍ ဒေသခံပြည်သူများအားဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 11,2021
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ကယားပြည်နယ်ရှိ နိုင်ငံပိုင် ရုပ်ရှင်ရုံအား ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းဆိုင်ရာ တာဝန်နှင့် ဝတ္တရားလွှဲပြောင်း
May 11,2021
ကယားပြည်နယ်ရှိ နိုင်ငံပိုင်သီရိရုပ်ရှင်ရုံနှင့် ပတ်သက်၍ ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းလုပ်ငန်း များကို ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်နှင့်ဝတ္တရား လွှဲပြောင်းသည့််စာချုပ် (Deed of Assignment) ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်
May 11,2021

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ယမန်နေ့ ညနေ(၄:၀၀)နာရီက လေဘေးသင့်အိမ်ထောင်စုများ အတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် မိုးရာသီ စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း ၂၅၀၀၀ အား ပျိုးထောင်ထားရှိ
May 11,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး စီမံကိန်းအားအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ မြို့နယ်အတွင်းရှိ သစ်တော များပြုန်းတီးမှုမှကာကွယ်နိုင်ရေးအတွက် မိုးရာသီကာလအတွင်း သစ်ပင်များထပ်မံစိုက်ပျိုးနိုင်ရန် မြို့နယ် သစ်တောဦးစီးဌာနရုံးပျိုးဥယျာဉ်၌ ပျိုးပင်ပေါင်း (၂၅၀၀၀) ပင်အား ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ဘွဲ့ကြို/ဒီပလိုမာ နောက်ဆုံးနှစ်သင်တန်းများ၊ မဟာဘွဲ့(ရေးဖြေ)သင်တန်းများနှင့်ပါရဂူဘွဲ့ကြိုသင်တန်းများ သင်ကြားသင်ယူနေမှုအခြေအနေများကို ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေး
May 11,2021
ကရင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့တွင် ဘွဲ့ကြို/ဒီပလိုမာနောက်ဆုံးနှစ်သင်တန်းများ၊ မဟာဘွဲ့(ရေးဖြေ) သင်တန်းများနှင့် ပါရဂူဘွဲ့ကြိုသင်တန်းများကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထားရှိရာ ယနေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။