ရန်ကုန် (ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ သက်ကြီးရွယ်အိုများသွားလာရေး အဆင်ပြေစေရေးအတွက် ဝှီးချဲများ အခမဲ့ အသုံးပြုနိုင်
May 10,2021
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ရဟန်း၊ သံဃာတော်များ၊ သီလရှင်များနှင့် အနယ်နယ်အရပ်ရပ်က ခရီးသွား မိဘပြည်သူများ ကူးသန်းသွားလာလျက်ရှိပြီး ခရီးသည်များ သွားလာရေးအဆင်ပြေချောမွေ့စေရေး ချယ်ရီရေယာဉ်များဖြင့် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ နေ့စဉ်ကူးတို့ ပို့ဆောင်ပြေးဆွဲပေးလျက်ရှိသည်။ အဆိုပါ သင်္ဘော ဆိပ်ကမ်း၌ ကျန်းမာရေးမကောင်းမွန်သော သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ သွားလာရေး အဆင်ပြေစေရေး အတွက် ဝှီးချဲများကို စီစဉ်ဆောင်ရွက်ထားရှိရာ မည်သူမဆို အခမဲ့အသုံးပြုနိုင်ကြောင်း သိရသည်။