သံဖြူဇရပ်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များအား ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့် ရှင်းလင်းဆွေးနွေး

 
သံဖြူဇရပ် မေ ၁၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီး မှူးရုံးမှ အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ် ပေးရေး (ပန်းခင်းစီမံချက်)နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့် ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက်၁၀နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦ:စီးဌာနမှူး ဦးဟန်ထွန်းနိုင်က ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ မေ(၃) ရက်နေ့မှ စတင်ကာ(၁၈) လအတွင်း အိမ်ထောင်စုစာရင်းများ ကောက်ယူ ခြင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းလုပ်ငန်းစဉ်များ ကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ရပ်ရွာအတွင်း မှန်ကန် သည့်လူဦးရေနှင့် အိမ်ထောင်စုစာရင်းများရရှိစေရေး ပူးပေါင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက် လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များ နှင့် စာရေးဝန်ထမ်းများ က သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိ သူကပြန် လည် ဆွေးနွေးပေးသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များဌာနဆိုင် ရာများ၊ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၄၁) အုပ်စုတို့မှ အုပ်ချုပ်ရေးမှူးနှင့် စာရေး ဝန်ထမ်းများ တက်ရောက်ကြောင်း သိရသည်။