လေးမျက်နှာမြို့၌ နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရန် အသိပေးဆောင်ရွက်
May 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် အပြင်ထွက်သည့်ပြည်သူတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းများအားလိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရန် အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၆ နာရီခွဲက အောင်မင်္ဂလာစျေးတွင် ဆောင်ရွက်ခဲ့သည်။