နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

နတ်မောက် ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ် ( ၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေက လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်အယူအဆများမှန်ကန်စေရန်နှင့် နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့သားကောင်းရတနာများဖြစ်စေရန် အသိပညာဗဟုသုတနှင့်ပြည်စုံသည့် လူငယ်များဖြစ်ရန် စာကိုများများဖတ်ဖို့လိုကြောင်း ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာအပြင် စာပေကိုခင်တွယ်တန်ဖိုးထားလေ့လာဖတ်ရှုနေမှသာ ဘက်စုံဖွံ့ဖြိုးပြီး အရည်အချင်းရှိတဲ့လူငယ် မောင်မယ်များဖြစ်လာမှာဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လုပ်ဆောင်ရာမှာ လူစွမ်းအားအရင်းအမြစ်များက အဓိကအရေးကြီးတာကြောင့် လူငယ်များကိုဘက်စုံဖွံ့ဖြိုးအောင် သက်ဆိုင်ရာဌာနများက ပြုစုပျိုးထောင်နေခြင်းဖြစ်ကြောင်း၊ လူငယ်များဟာအနာဂတ်တိုင်းပြည်အတွက် အဓိကအရေးပါတာကြောင့် အဘက်ဘက်မှအသိပညာဗဟုသုတများ ပြည့်စုံအောင်အချိန်ရတိုင်းစာပေများကိုလေ့လာလိုက် စားဖတ်ရှုနေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့်နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှဝင်း